Message from Engineers

1. Khin Nyunt
ကျွန်တော်ကတော့ IT major နဲ့ကျောင်းပြီးထားပြီး WILLTEC MYANMAR Co.Ltd ကနေ IT Engineer အနေနဲ့ ၂၀၁၉ခုနှစ် ၈လပိုင်းမှ စပြီး ဂျပန်နိုင်ငံမှာ စတင်သွားရောက်ကာ အလုပ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ဂျပန်မှာ ဘယ်လို အလုပ်မျိုး လုပ်ချင်ကြောင်းကို WILLTEC MYANMAR မှာ ဆွေးနွေးတိုင်ပင် ခဲ့ပြီး Career Consultant Fee ကော Agent Fee ပါ မပေးရပဲ ဂျပန်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးချိန်မှာလည်း WILLTEC MYNMARဘက်မှဂျပန်ကိုရောက်တဲ့အခါလုပ်ကိုင်ရမယ့်လုပ်ငန်းပုံစံ၊လစာ၊အလုပ်ချိန်၊ပိတ်ရက်၊ နေထိုင်စရာနေရာ အစရှိသည်တို့ကို အ‌သေးစိတ်ကျကျ သေသေချာချာ ရှင်းပြပေးခဲ့ပါတယ်။ အဲဒါကြောင့် ဂျပန်ကိုစရောက်ခဲ့သည့်အချိန်မှ စပြီး ယခု အချိန်အထိ အခက်အခဲ မရှိဘဲ IT Engineer တစ်ယောက်အနေနဲ့ အလုပ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ် ခင်ဗျာ။

2. May Zun
၂၀၁၉ခုနှစ် ဇန်န၀ါရီ မှာ WILLTEC MYANMR နဲ့ချိတ်ဆက်ပြီး တိုကျိုမြို့မှာ IT Engineer အဖြစ်သွားရောက်လုပ်ကိုင်ခဲ့ပါတယ်။ အင်တာဗျူးဖြေဆိုချိန်မှ ဂျပန်သို့ထွက်ခွါသည်အထိ အစအဆုံးဆောင်ရွက်ပေးခဲ့လို့ အများကြီးအဆင်ပြေခဲ့ပါတယ်။ ဂျပန်တွင်နေထိုင်စဉ်အတွင်းလည်း အခက်အခဲများကိုတိုင်ပင်ဆွေးနွေးပေးခဲ့တဲ့အတွက် စိတ်ချယုံကြည်ရတဲ့ company ဖြစ်ပါတယ်။

3. Nyein Chan
ကျွန်တော် က Taunggyi Technological Universityကနေ EP Majorနဲ့ ဘွဲ့ယူထားပါတယ်။ WILLTEC MYANMAR Co.Ltd ကနေ Design Engineerနဲ့ Japanကိုသွားရောက်အလုပ်လုပ်ကိုင်နေပါတယ်။ ၂၀၁၈ခုနှစ် ၈လပိုင်းကစရောက်ခဲ့ပီး အခုဆို ၂နှစ်ပြည့်ပါတော့မယ်။ Japan မသွားခင် WILLTEC MYANMAR ဘက်မှ Japan အလုပ်အကိုင်အကြောင်းတွေ Japanမှာ နေထိုင်ပုံတွေ အစစအရာရာ ကြိုတင်ပြောပြပေးထားတဲ့အတွက်ကြောင့် ဒီကိုရောက်လာတဲ့အချိန်မှာ အဆင်ပြေချောမွေ့ခဲ့ပါတယ်။ အခုဆိုရင် Japanမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကိုဖြတ်သန်းရင်း Design Engineerအနေနဲ့ အလုပ်လုပ်ကိုင်နေပါတယ်။

4. Aung Pai Pha
ကျွန်တော်ကတော့ EC major နဲ့Taunggyi Technical University မှကျောင်းပြီးထားပြီး ၂၀၁၇ခုနှစ်၁၂လပိုင်းမှစပြီးဂျပန်နိုင်ငံမှာသွားရောက်အလုပ်လုပ်ကိုင် နေတာဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ကိုယ်လုပ်ကိုင်ချင်တဲ့အလုပ်အမျိုးအစားကိုWILLTEC MYANMR မှာ ဆွေးနွေးတိုင်ပင် ခဲ့ပြီး ၀န်ဆောင်ခမပေးရပဲ ဂျပန်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးချိန်မှာလည်း WILLTEC MYANMAR ဘက်မှ ဂျပန်ကိုရောက်တဲ့အထိ အစစအရာရာ ကူညီပေးခဲ့ပါတယ်။ယခု အချိန်မှာတော့ ဂျပန်မှာ အဆင်ပြေစွာဖြင့် အလုပ် လုပ်ကိုင်နေပါတယ်။

5. Khun Tun Naing
ကျွန်တော်ကတော့ MP Major နဲ့ကျောင်းပြီးထားပြီး WILLTEC MYANMAR Co.,Ltd ကနေ Air Conditioning Service Engineer အနေနဲ့ ၂၀၁၉ခုနှစ် ၈လပိုင်း စတင်ထွက်ခွာပြီး ယခုချိန်ထိဂျပန်နိုင်ငံမှာအလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ ကျွန်တော်က TU Taunngyi ကနေကျောင်းပြီးပြီးနောက်မှာ WILLTEC MYANMARနဲ့ ဂျပန်မှာ အလုပ်လုပ်နိုင်ဖို့တိုင်ပင်ခဲ့ပါတယ်။ဂျပန်မလာခင်မှာရော၊ရောက်ပြီးချိန်မှာရော လိုအပ်တာတွေ ရှင်းပြ ကူညီပေးတဲ့ အပြင် ဝန်ဆောင်ခလည်းမကုန်ကျပါဘူး။ အခုဆို ဂျပန်ရောက်တာ ၁နှစ်ပြည့်တော့မှာဖြစ်ပြီးတော့ လုပ်ငန်းခွင်ကလဲ အဆင်ပြေပါတယ်။

6. Su Myat Myat Nyein
ကျွန်မကတော့ စုမြတ်မြတ်ငြိမ်းပါ။ B.E Mechanicalနဲ့ကျောင်းပြီးထားပြီး ၂၀၁၉ခုနှစ် ၄လပိုင်းမှ စတင်ကာ ယခုလက်ရှိ M&E Design Engineer အနေနဲ့ ဂျပန်နိုင်ငံ ဖုကုအိုကာမြို့မှာနေထိုင် အလုပ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပါတယ်။ မြန်မာကနေ ဂျပန်နိုင်ငံအထိ Engineer တစ်ယောက်အနေနဲ့သွားရောက်အလုပ်လုပ်ကိုင်ဖို့ ကျွန်မအတွက် အခက်အခဲရှိနေချိန်မှာ ငွေကြေးကုန်ကျမှုမရှိပဲ WILLTEC MYANMAR ကုမ္ပဏီက Consultant Fee ကော Agent Fee ပါ (လုံး၀)မပေးရပဲ ဂျပန်နိုင်ငံသို့ရောက်အောင် တံတားတစင်းကဲ့သို့ အစအဆုံးကူညီခဲ့ပါတယ်။ လုပ်ငန်းခွင်မှဝန်ထမ်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ Business Manners လို့ခေါ်တဲ့ အပြုအမူ၊အပြောအဆို၊ကျင့်ဝတ်တွေကို WILLTEC MYAANMAR ကုမ္ပဏီမှ ဂျပန်လူမျိုးများကိုယ်တိုင် ဂရုတစိုက်သင်ကြားပေးခဲ့ပါတယ်။ မြန်မာပြည်ကနေမထွက်ခွာခင်မှာလည်း ဂျပန်ကိုရောက်တဲ့အခါ လုပ်ကိုင်ရမယ့် လုပ်ငန်းပုံစံ၊လစာ၊အလုပ်ချိန်၊ပိတ်ရက်၊နေထိုင်စရာနေရာ အစရှိသည်တို့ကို သေသေချာချာ ရှင်းပြပေးခဲ့ပြီးလေဆိပ်အထိ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။ WILLTEC MYANMAR ကုမ္ပဏီမှ ဆရာကြီး၊ဆရာမကြီးနှင့် ဝန်ထမ်းအားလုံးရဲ့ကျေးဇူးနဲ့ ဂျပန်ကိုစရောက်ခဲ့သည့်အချိန်မှ စပြီး ယခုအချိန်အထိ Design Engineer တစ်ယောက်အနေနဲ့ အခက်အခဲမရှိအလုပ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်ရှင့်။

7. Nyan Lin Htet
Japan နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ အစစအရာရာ ပြင်ဆင် လမ်းညွှန်ပြသပေးတဲ့ ကျေးဇူးကြောင့် Japan နိုင်ငံမှာ အဆင်ပြေပြေ အလုပ်လုပ်ကိုင်နိုင်ခဲ့ပါတယ်။ Japan မှာ အလုပ်လုပ်နိုင်ဖို့အတွက် ဝန်ဆောင်မှုတွေအပြင် အဆင့်လိုက် Training Program တွေကိုစီစဉ်ပေးတာတွေ၊အလျဉ်းသင့်သလို ကျင်းပတဲ့ Seminar တွေကနေလဲ အသိပညာ ဗဟုသုတတွေရခဲ့တာကြောင့် အများကြီး အထောက်အကူဖြစ်ရပါတယ်။ WILLTEC MYANMAR Company လဲ ဒီထက် ပိုအောင်မြင်ပါစေကြောင်း နဲ့ WTM မှ ဝန်ထမ်းများလည်း အရင်လို စေတနာအပြည့်နဲ့ ပိုကောင်းတဲ့ဘဝတွေ ဆက်လက် ပုံဖော်ပေးပါ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

We are welcome your inquiries. Please feel free to contact us.

info@willtec-myanmar.com +95-9-443881177